Fast and Furious (2021)

Poster
⭐️5.2


F9: The Fast Saga (၂၀၂၁)ဆိုက်ဖာဆိုတာအရင်တုန်းက ဒွန်လို လူမျိုးကိုတောင် လိုသလိုခိုင်းလို့ရအောင်လုပ်နိုင်တဲ့အမျိုးသမီးဆိုတာအားလုံးသိကြမှာပါ။အဲ့တုန်းက ပေးဆပ်မှုပေါင်းများစွာနဲ့ ဆိုက်ဖာကို ဖမ်းဆီးထိန်းသိမ်းခဲ့ပေမဲ့ဒီ F9မှာတော့ သူမကိုဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ လေယာဉ်က ပစ်ချခံလိုက်ရတဲ့အပြင် လေယာဉ်ပေါ်ကအရေးပေါ်အချက်ပြကလည်းထူးဆန်းစွာပဲ ဒွန်းတို့အဖွဲ့ဆီကိုပဲ ရောက်လာခဲ့ပါတယ်။ဒွန်တို့ဟာ မိသားစုနဲ့အတူ Work Shopလေးဖွင့်ပြီးအေးဆေးစွာနေပေမဲ့ အစိုးရဆီကိုတောင်မယုံရလို့အချက်ပြမရောက်ဘဲ သူတို့ဆီကိုပဲပို့ခဲ့လို့ ဒီပြဿနာအရှုတ်ကြီးဆို သူတို့အဖွဲ့ မပါမဖြစ်ပါလာရပါတော့တယ်။လေယာဉ်ကိုဘယ်သူတွေပစ်ချခဲ့တာလဲ?ဆိုက်ဖာကိုဘယ်သူတွေကကယ်သွားလဲ? ဒွန်တို့ရော ဒီအရှုတ်တွေကိုရှင်းနိုင်ပါ့မလား။ပြီးတော့ John Cena ကြီးလည်း ပါလာပြီး အကြမ်းစားဘဲကြီးအဖြစ်ထည့်သွင်းထားလေတော့ပိုမြိုင်လာတယ်လို့ပြောရမှာပဲ။ Cardi-Bကလည်း ခပ်ကြမ်းကြမ်းဝင်ဖိုက်ထားသေးရဲ့။F ဇာတ်လမ်းတွေဟာ နောက်ပိုင်းတစ်ချို့သောသူတွေဝေဖန်ကြပါတယ်။ ဘရိုင်ယန်မပါတဲ့နောက်ပိုင်းပေါ့သွားတယ်ဘာညာပေါ့လေ။သို့ပေမဲ့လည်း ထွက်တဲ့ဇာတ်လမ်းသစ်တွေတိုင်းမှာ ဇာတ်ကောင်အသစ်တွေအက်ရှင်ခန်းဆန်းဆန်းပြားပြားတွေထည့်ပြီး သန်းပေါင်းများစွာကုန်ကျခံရိုက်လေတော့ ကြည့်ပျော်နေတာတော့ငြင်းမရပါဘူး။ဒါ့ကြောင့် ဘေလေးအနည်းငယ်ကုန်ကျခံလိုက်ရုံနဲ့ နင်းကန်မိုက်တဲ့ရုပ်ရှင်ကားကိုကြည့်ရမှာမို့ တန်ပါတယ်ဗျာ။




Tags

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Learn More
Accept !