Star Wars: Episode II - Attack of the Clones (2002)

Poster
⭐️6.5


Star Wars: Episode II – Attack of the Clones (၂၀၀၂)အပိုင်း ၂ ကို တင်ပေးလိုက်ပါပြီဗျာ။ ဒီအပိုင်းကတော့ ပထမပိုင်းအပြီး ၁၀ နှစ်ကာလကို ရိုက်ထားတာပါ။ ဒီဇာတ်လမ်းမှာတော့ ဂလက်ဆီရီပတ်ဘလစ်ကနေ ဂြိုလ်ပေါင်းများစွာဟာ ခွဲထွက်ဖို့ ခြိမ်းခြောက်လာပြီး ခွဲထွက်ရေးအဖွဲ့တွေကို Jedi မာစတာဟောင်း မြို့စားကြီး ဒိုကူက ဦးဆောင်ပါတယ်။ အဲဒီအဖွဲ့တွေကို ဒီမိုကရေစီနည်းအရ ဖြေရှင်းဖို့ကြိုးစားပေမယ့် မအောင်မြင်တဲ့အပြင် ခွဲထွက်အဖွဲ့တွေက စစ်တပ်တစ်ခုကိုပါ တည်ဆောက်လာတဲ့အခါမှာ ခေါင်းဆောင်ကြီးကို အရေးပေါ်အာဏာ အပ်နှင်းပြီး စစ်တပ်ဖွဲ့စည်းခွင့်ပြုလိုက်ရတဲ့အတွက် ကြယ်တာရာစစ်ပွဲကြီး စတင်လာပါတော့တယ်။ ဒီအပိုင်းမှာတော့ အနာကင်နဲ့ ပါ့ဒ်မီတို့ရဲ့ သံယောဇဉ်ဟောင်းတွေ ပြန်ဆက်တာကိုတွေ့ရမှာဖြစ်ပြီး အကြိုက်ဆုံးအခန်းတွေ အနေနဲ့ ကတော့ အကြီးဆုံး Jedi တိုက်ပွဲကြီးနဲ့ မာစတာ Yoda ရဲ့ အလင်းဓားတိုက်ပွဲကို တွေ့ရမှာဖြစ်ပါတယ်




#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Learn More
Accept !